Unity Logo
Our Vision
Customer first, solve every customer's related problems in real estate and provide professional and considerate services.
Take care of the lives of employees, let all employees live a good life, have a stable job, a healthy body, emphasize teamwork, have a sense of accomplishment in work, lifelong learning, and have a wonderful and prosperous life.
The development of the company has become the best real estate company with the best reputation in Myanmar.
Give back to the community and take care of the disadvantaged children, students, the elderly and the disadvantaged families.
Our Activity
Blood Donation
“သင့်သွေးဖြင့် အသက်ကယ်ပါ “ ဆိုသည့်အတိုင်း သွေလှူဒါန်းခြင်း ဟာ မြင့်မြတ်တဲ့ အလှူဒါနဖြစ်ပါသည်။ သွေတစ်ခါ လှူဒါန်းတိုင်း လူနာ (၁) ဦးမှ (၃) ဦးအထိ ကယ်တင်နိုင်သည့်အတွက် များပြားလှသော ကုသိုလ်များ ရရှိမှာလဲဖြစ်ပါတယ်။ ဒီလို မွန်မြတ်တဲ့ အလှူကို Unity Real Estate အနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ကာ (၂.၁.၂၀၂၀) တွင် သွား‌ရောက်လှူဒါန်းခဲ့ပုံများကို သာဓုခေါ်ဆိုနိုင်ရန် ပြန်လည်မျှဝေလိုက်ရပါသည်။ဒါ့အပြင် သွေးလှူခြင်းသည် လူနာ၏အသက်ကို ကယ်တင်နိုင်ရုံသာမက အောက်ပါအကျိုးကျေးဇူးများကိုပါ ရရှိနိုင်ပါသည်။သွေးလှူခြင်း၏အကျိုးကျေဇူးများသွေးအားနည်းရင် သွေးလှူလို့ မရပါဘူး ။စစ်ပေးတဲ့သွေးတွေက သွေးအုပ်စု၊ အသည်းရောင် ဘီပိုး၊စီပိုး ကာလသားရောဂါ၊အေအိုင်ဒီအက်စ် ရောဂါတွေဖြစ်ပါတယ်။သွေးလှူပြီး တစ်ပတ် ၁၀ ရက်လောက်ကြာရင် သွေး အဖြေကောင်း မကောင်း အိမ်ကို စာပို့ပါတယ်။အဲဒီတော့ သွေးလှူရင် ရတဲ့ အကျိုးက သွေးတိုးရောဂါ ၊ သွေးအားနည်းရောဂါ ၊ အသည်းရောင် ဘီပိုး စီပိုး ၊ကာလသားရောဂါ ၊ အေအိုင်ဒီအက်စ် … ဒီရောဂါတွေရှိမရှိ အခမဲ့ ဆေးစစ်ခွင့် ရလိုက်တာပါ။သွေးလှူပြီးရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှု metabolismကို မြန်စေလို့ နေထိုင်လို့ ပိုကောင်း ပါတယ်။သွေးလှူပြီးရင် ထွက်သွားတဲ့ သွေးနေရာမှာ အစားထိုးဖို့ သွေးနီဥ အသစ်တွေကို ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အတွက် သွေးကို ပိုသန့်စင်စေပါတယ် ။သွေးအမြဲလှူတဲ့လူတွေက ပိုမိုနုပျိုကြပါတယ်။ အသက်လည်း ပိုရှည်ပါတယ်။သွေးလှူလိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ သံဓာတ်တွေ လျော့နည်းသွားစေပါတယ် ။သံဓာတ်တွေက သွေးကြောထဲမှာ မကောင်းတဲ့ အဆီတွေကို ဖြစ်ပေါ်စေပါတယ် ။သံဓာတ်လျော့နည်းသွားလို့ သွေးကြောထဲက အဆီတွေလျော့နည်း သွားလို့ နှလုံးသွေးကြောပိတ်ရောဂါကို ကာကွယ်နိုင်ပါတယ်။Heart attack လို့ခေါ်တဲ့ နှလုံးသွေးကြောပိတ်ခြင်းကို ၈၈% ကျဆင်းစေတယ်လို့ သုတေသနရလာဒ်များက ဖော်ပြထားပါတယ်။အထူးသဖြင့် ခန္ဓာကိုယ်မှာပိုနေတဲ့ သံဓာတ်တွေက နှလုံး အသည်းနဲ့ ပန်ကရိယာ့ မှာစုနေတဲ့ အတွက်သွေးလှူရင် နှလုံးရောဂါ အသည်းရောဂါနဲ့ ပန်ကရိယာ့ ရောဂါတွေ အဖြစ်နည်းသွားပါတယ်။ နှလုံးခုန်မမှန်ခြင်း ၊အသည်းခြောက်ရောဂါ ၊ ဆီးချိုရောဂါ ၊ အယ်လ်ဇိုင်းမားလို့ ခေါ်တဲ့ သတိမေ့ရောဂါတွေကို အဖြစ်နည်းစေပါတယ်။သွေးလှူရင် ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်ပါတယ် ။အထူးသဖြင့် အသည်းကင်ဆာ ၊ အဆုတ်ကင်ဆာ ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေ ဖြစ်ပွားမှု လျော့နည်း သွားပါတယ် ။သွေးလှူရင် အထိုက်အလျောက် သွေးကျဲစေတာမို့ နှလုံး သွေးကြောပိတ်ရောဂါ နဲ့ လေဖြတ်တာကို ကာကွယ်နိုင်ပါတယ်။သွေး 350cc လှူရင် ကယ်လိုရီ ၆၅၀ ကျဆင်းတာ မို့လို့သွေး အမြဲလှူတဲ့လူတွေက body weight ကိုမတက်အောင်ထိန်းနိုင်ပါတယ် ။သွေးလှူရင် ဘာဆိုးကျိုးတွေ ဖြစ်သလဲ။သွေးဖောက်ရင် နာမှာလား ။ သွေးထုတ်ယူတဲ့အပ်က နည်းနည်း ပိုကြီးတဲ့ အတွက် နည်းနည်း ပိုနာပါတယ်။သွေးဖောက်ပြီးရင် တချို့လူတွေမှာ လက်မှာ အညိုအမည်းစွဲတတ်ပါတယ်။ တပတ် ၁၀ရက်လောက်ဆို ပျောက်သွားပါတယ်။တချို့လူတွေက သွေးလှူပြီးရင် ခေါင်းမူးတတ်ပါတယ်။ သွေးမလှူခင် ညမှာ အိပ်ရေး ဝ ဖို့လိုပါတယ်။သွေးလှူမယ့်ရက်မှာ ရေ၊ အချိုရေ ပိုသောက်ထားရပါမယ် ။ သွေးလှူပြီးရင်လည်း ရေများများ သောက်သင့်ပါတယ်။အဲဒါဆို ခေါင်းမူးတာကို ကာကွယ်နိုင်ပါတယ်။ကောင်းကျိုးနဲ့ ဆိုးကျိုး နှိုင်းယှဉ်ရင်တော့ ဆိုးကျိုးက ဘာမှ မပြောပလောက်ပါဘူး ။CREDITPhyo Wai Tun