Unity Logo

အခွန်ဥပဒေအသစ်ကြောင့် လှုပ်ရှားပြောင်းလဲလာနိုင်သည့် အိမ်၊ခြံ၊မြေ ဈေးကွက်အခြေအနေ

   

အခြန္ဥပေဒအသစ္ေၾကာင့္ လှုပ်ရှားပြောင်းလဲလာနိုင်သည့် အိမ်၊ခြံ၊မြေ ဈေးကွက်အခြေအနေ လက်ရှိအချိန်ကာလတွင် အိမ်ခြံမြေဝယ်ယူခြင်း၊ ရောင်းချခြင်း ဈေးကွက်အေးစက်နေရာမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ၊ တတိယပတ်တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်တောင်စု၏ အခွန်ကောက်ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်းသိရှိရပါသည်။ ထိုပြောင်းလဲလိုက်သော အခွန်ဥပဒေအသစ်အရ အိမ်၊ခြံ၊မြေ ဈေးကွက်အနေအထားသည်လည်း လှုပ်ရှားပြောင်းလဲ လာမည်မှာ အထင်းအရှားဖြစ်ပါသည်။ ယခင် အခွန်ဥပဒေအဟာင်းအရ အိမ်၊ခြံ၊မြေ ဝယ်ယူရာတွင် ဝယ်ယူသူမှ နိုင်ငံတောင်သို့ ပေးဆောင်ရမည့်ဝင်ငွေခွန်မှာ (၁) ၁ ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ လျှင် ဝင်ငွေခွန် ၁၅% နှင့် တံဆိပ်ခောင်းခွန် ၄% (၂) ကျပ်သိန်း ၃၀၀ အထက်မှ ကျပ်သိန်း ၁,၀၀၀ အထိ လျှင် ဝင်ငွေခွန် ၂၀% နှင့် တံဆိပ်ခေါင်းခွန် ၄% (၃) ကျပ်သိန်း ၁,၀၀၀ နှင့် အထက် လျှင် ဝင်ငွေခွန် ၃၀% နှင့် တံဆိပ်ခောင်းခွန် ၄% တို့ ပေးဆောင်ရမှာဖြစ်ပါသည်။ ယခု အသစ်ပြဌာန်းအတည်ပြုလိုက်သည့် ပြည်ထောင်စုအခွန်ကောက် ဥပဒေအရ (၁) ၁ ကျပ်မှာ ကျပ်သိန်း ၁၀၀၀ အထိ လျှင် ဝင်ငွေခွန် ၃% နှင့် တံဆိပ်ခေါင်းခွန် ၅% (၂) ကျပ်သိန်း ၁,၀၀၀ အထက်မှ ကျပ်သိန်း ၃,၀၀၀ အထိ လျှင် ဝင်ငွေခွန် ၅% နှင့် တံဆိပ်ခေါင်းခွန် ၅% (၃) ကျပ်သိန်း ၃,၀၀၀ အထက်မှာ ကျပ်သိန်း ၃၀,၀၀၀ အထိ လျှင် ဝင်ငွေခွန် ၁၀% နှင့် တံဆိပ်ခေါင်းခွန် ၅% (၄) ကျပ်သိန်း ၃၀,၀၀၀ နှင့် အထက် လျှင် ဝင်ငွေခွန် ၃၀% နှင့် တံဆိပ်ခောင်းခွန် ၅% တို့ ပေးဆောင်ရမှာဖြစ်ပါသည်။ ယခုကဲ့သို့ အိမ်၊ခြံ၊မြေ ဝယ်ယူရာတွင် ဝယ်ယူသူမှနိုင်ငံတော်သို့ ပေးဆောင်ရမည့် ဝင်ငွေခွန်းနှုန်းထားများကို လျော့ပေါ့ပေးလိုက်ခြင်းကြောင့် အိမ်၊ခြံ၊မြေ ဈေးကွက်မှာ ယခုထက်ပိုမို၍ ကောင်းမွန်ခာမည်မှာ အမှန်ဖြစ်ပါသည်။

Source:Unity