Unity Logo

သင်မသိသေးတဲ့ ရန်ကုန်မြို့၏စီမံကိန်းအသစ်

   

သင်မသိသေးတဲ့ ရန်ကုန်မြို့၏စီမံကိန်းအသစ်

ရန်ကုန်မြို့တွင် စီမံကိန်းများစွာရှိသည့်အနက် လူအသိအနည်းဆုံးလို့ဆိုနိုင်တဲ့ စီမံကိန်းတစ်ခုဟာဆိုရင်တော့ Yangon Amata Smart & Eco City ပဲဖြစ်ပါတယ်။

စီမံကိန်းကို ဆောက်လုပ်ရေးဝန်းကြီးဌာန၊ မြို့ပြနှင့်
အိမ်ရာဖွံဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံမှ AMATA Corporation တို့ကသ‌‌ဘောသူစာချုပ်ချုပ်ဆိုခဲ့ပြီး
မကြာခင်အကောင်ထည်ဖော်ဆောက်ရွက်သွားမည်ဟုသိရသည်။

အဆိုပါစီမံကိန်းသည် စက်မှုဇုန်များ၊ လူနေအိမ်ရာများနှင့် စီးပွားရေးအဆောက်အအုံများစွာပါဝင်သော project
ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်
ဒဂုံမြို့သစ်တောင်ပိုင်းရှိ လေးထောင့်ကန်ကျေးရွာအနီးတွင်တည်ရှိသည်။

Yangon AMATA Smart and Eco City စီမံကိန်းသည် အလုပ်ကိုင်ပေါင်း ၃၃၀၀၀ ကျော်ဖန်တီးပေးနိုင်ပြီး မြန်မာနိုင်ငံ၏ အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု Yangon AMATA Smart and Eco City ၏ အုပ်ချုပ်မှုဒါရိုက်တာ Yasuo Tsutsui က ပြောကြောင်း မြန်မာ့စ်တိုင်းသတင်းစာမှ တဆင့်သိရသည်။

စီမံကိန်းတွင် ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး ပထမအဆင့်ဆောက်ရွက်မှုအား ၅ နှစ်အတွင်းတည်ဆောက်ပြီးစီးသွားမည်ဟုသိရသည်။

ကိုးကား : Myanmar Times

Source:Myanmar Times