Unity Logo

ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောက်ရွက်မည့် ရန်ကုန်မိုးပျံလမ်း

   

ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောက်ရွက်မည့် ရန်ကုန်မိုးပျံလမ်း


ရန်ကုန်မြို့၏ ယာဥ်ကြောပိတ်ဆို့မှုအား လျော့ချနိုင်ရန်အတွက်
အဓိကရည်ရွယ်၍ အကောင်ထည်ဖော်နေသော
ရန်ကုန်မိုပျံအမြန်လမ်း စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်းကြီးဌာနတို့က ပူးပေါင်းဆောက်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်မိုးပျံလမ်းတည်ဆောက်ရာတွင် ဆိုင်ခန်းများ ထိခိုက်နိုင်သောကြောင့် တချို့က စိတ်ပူနေကြသည်။
သို့သော်လည်း ယမန်နေ့က ကျင်းပခဲ့သော
မိုးပျံလမ်း စီမံကိန်းဆိုင်ရာလူထုတွေ့ဆုံဆွေးနွေးပွဲအပြီးတွင်
စီးမံကိန်းအား ထိခိုက်မှုနည်းအောင် ဆောင်ရွက်သွားမည်ဟု မြန်မာ့တိုမ်းစ် သတင်းစားမှ တဆင့်သိရသည်။

အစီးဝေးပွဲအပြီးတွင် ဒုတိယညွှန်ကြားရေးမှုချုပ် ဦးကြည်ဇော်မြင့်က
“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပါ။ လုံးဝမရှိစေရပါဘူး။ တကယ်လို့ ရှိခဲ့ရင်လည်း အနည်းဆုံးဖြစ်ရမယ်။ အဲဒီအနည်းဆုံးတောင်မှ လက်ခံနိုင် ဖို့ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ” ဟု မြန်မာ့တိုမ်းစ်သတင်းစာအား ပြောကြားခဲ့သည်။

“အိမ်တွေ ဘာတွေ တော့မထိပါဘူး။ ဒါတော့သေချာပါတယ်။
လမ်းဘေးဈေးသည်တွေ ဆိုင်လေးတွေရှိတယ်။ အဲဒါလေးတွေတော့နည်းနည်းထိခိုက်မယ့်ပုံစံရှိပါတယ်။
တကယ်ထိမထိကတော့ ကွင်းဆင်းပြီးဆောင်ရွက်မှ သိရမှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လျော်ကြေးပေးရုံတင်မကပဲ ထိခိုက်သူများ၏စီးပွားရေးရပ်တည်မှုများပါ စီစဥ်ပေးမည်ဖြစ်ကြောင်းပါ ဆက်လက်ပြောကြားခဲ့သည်။

Ref : Myanmar Times

Source:Myanmar Times