Unity Logo

လွှတ်တော်မှဝင်ငွေရလမ်းမပြနိုင်သည့် ငွေများအပေါ် (၆) ရာခိုင်နှုန်း မှ (၃၀) ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ရန်လွှတ်တော်အတည်ပြု

   

ဝင်ငွေရလမ်းမပြနိုင်သည့် ဝင်ငွေများအပေါ်အနည်းဆုံး (၆) ရာခိုင်နှုန်းမှ  အများဆုံး (၃၀) ရာခိုင်နှုန်းအထိ ဝင်ငွေခွန်စည်းကြပ်ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့က မူလတင်သွင်းချက်တွင် သက်သာခွင့်များမနုတ်မီစည်းကြပ်မှုမှ ကင်းလွတ်နေသည့်ဝင်ငွေခွန်အပေါ် (၃၀) ရာခိုင်နှုန်း ဝင်ငွေစည်းကြပ်ရမည်ဟုပြဌာန်းထားသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ဝင်ငွေ သို့မဟုတ် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ဝင်ငွေများအတွက် တစ်ကျပ်မှ သိန်းတစ်ထောင်အထိကို (၁၀) ရာခိုင်နှုန်း၊ သိန်း (၃၀၀၁) ကျပ်မှ သိန်း (၃၀၀၀၀) အထိကို (၂၀) ရာခိုင်နှုန်းဖြင့် စည်းကြပ်မည်ဟု ပြဌာန်းလိုက်ခြင်းဖြစ်သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ရသညည့်အကြောင်းအရင်းမှာ COVID-19 ကြောင့် စီးပွားရေးရိုက်ခတ်မှုများရှိနေခြင်း၊ ဝင်ငွေခွန်ဥပဒေကိုမပြဌာန်းနိုင်သေးကြောင်း သိရှိရသည်။ အဆိုပါအခွန်ကောက်ဥပဒေသည် (၂၀၂၁)ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ထိ အကျုံးဝင်သည်။


Source:Unity Real Estate