Unity Logo

SME လုပ်ငန်းများအနေဖြင့် ERP စနစ်ကို အသုံးပြုပြီး လုပ်ငန်းတန်ဖိုးတက်လာနိုင်

   

     အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ စနစ်တကျလည်ပတ်နိုင်ဖို့နှင့် ပိုမိုကြီးထွားလာရန် အတွက် Enterprise Resource Planning (ERP)ကို အသုံးပြုသင့်သည်ဟု သိရသည်။

     မြန်မာနိုင်ငံအတွင်းမှာရှိသည့် စီးပွားရေးလုပ်ငန်း (၉၀) ရာခိုင်နှုန်းကျော်သည် SME လုပ်ငန်းများဖြစ်ကြသည်။ ၎င်း SME လုပ်ငန်းများသည် Digital နည်းပညာကိုအသုံးမပြုပဲ မိရိုးဖလာ သမာရိုးကျအတိုင်း လည်ပတ်နေသည့်အတွက် လစဉ်အဝင်အထွက်နှင့် ဝင်ငွေ၊ ကုမ္ပဏီစာရင်းဇယားများရရှိရန် စီမံအုပ်ချုပ်မှုကဏ္ဍမှာ အခက်အခဲတချို့ရှိနေကြောင်း သိရသည်။

     SME လုပ်ငန်းများအနေဖြင့် မိရိုးဖလာအတိုင်း မဟုတ်ပဲ ယခုလုပ်ငန်းပိုမိုကြီးထွားလာရန်အတွက် ERP ဟုခေါ်သည့် လုပ်ငန်းအရင်းအမြစ်စီမံကိန်းစနစ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည့်အတွက် ကြောင့် နည်းပညာနှင့်လူသားအရင်းအမြစ်မှ မည်သည်ကို အသုံးပြုမည်ဆိုသည်က မေးခွန်ထုတ်စရာဖြစ်နေပြီ ERP စနစ်ကို စနစ်တကျအသုံးပြုမည်ဆိုပါက လူသားအရင်းအမြစ်ထက် ပိုမိုမြန်ဆန်သည့် သတင်း အချက် အလက်များ ရရှိနိုင်ကြောင့် သိရသည်။

လုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်စနစ်ကိုကူးပြောင်းခြင်းဖြင့် လုပ်ငန်းများကိုပိုမိုမြန်ဆန်လာမှာ ဖြစ်ပြီး လချုပ်စာရင်းများတွင်လည်း မှန်ကန်သည့်အချက်အလက်ကို ရရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ SME လုပ်ငန်းများသည် ERP စနစ်ကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် လုပ်ငန်းတန်ဖိုးတက်လာနိုင်သည်ဟု သုံးသပ်ထားသည်ကိုလည်း တွေ့ရပါသည်။


Source:Unity Real Estate